공지사항 · News & Updates

အသိပေးချက်များ

ကျောင်းလျှောက်ခြင်း၊ GKS၊ ကိုရီးယားစာသင်တန်းနှင့် You and Korea ၏ နောက်ဆုံးအချက်အလက်များကို ကြည့်ရှုနိုင်ပါသည်။

Pinned · GKS

GKS G ဆိုတာဘာလဲ?

ဘယ်သူ GKS-G လျှောက်လို့ရလဲ? Master’s လျှောက်မယ်ဆို Bachelor Degree ရှိရပါမယ်။ PhD လျှောက်မယ်ဆို Master’s Degree ရှိရပါမယ်။ Research မှာတော့ Postdoctoral applicant ဆို Doctoral Degree လိုပြီး၊ Exchange Professor ဆို Master’s Degree + လက်ရှိ academic professor ဖြစ်ဖို့လိုပါတယ်။ Professional research program ဆို Education, Science, Culture, International Cooperation နယ်ပယ်တွေမှာ professional ဖြစ်ရပါတယ်။ 2026 cycle အတွက် expected graduate လည်း လျှောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် July 31, 2026 မတိုင်ခင် degree ရပြီး final graduation certificate + transcript ကို NIIED တင်ရပါတယ်။ မတင်နိုင်ရင် acceptance cancel ဖြစ်ပါတယ်။

Pinned · GKS

GKS ဆိုတာဘာလဲ (၃ မိနစ်ပဲအချိန်ပေး)

GKS ရဲ့ အရှည်ကတော့ Global Korea Scholarship လို့ခေါ်ပါတယ်။ ကိုရီးယားနိုင်ငံမှာ ကျောင်းတက်ချင်တဲ့ နိုင်ငံတကာကျောင်းသားတွေကို ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်အပြင် ကျန်းမာရေးအာမခံ၊ လေယာဥ်လက်မှတ်အထိ ထောက်ပံ့တဲ့ ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးသော ပညာသင်ဆုလည်းဖြစ်ပါတယ်။

Pinned · အသိပေးချက်

GKS U ဆိုတာဘာလဲ?

GKS-U ဆိုတာဘာလဲ? GKS = Global Korea Scholarship GKS-U = Global Korea Scholarship – Undergraduate Degrees ကိုရီးယားအစိုးရရဲ့ NIIED (National Institute for International Education) က နိုင်ငံတကာကျောင်းသားတွေကို Korea မှာ Associate Degree / Bachelor’s Degree တက်နိုင်အောင် ပေးတဲ့ Government Scholarship ဖြစ်ပါတယ်။ ရည်ရွယ်ချက်က International Students တွေကို Korea မှာ ပညာသင်ခွင့်ပေးပြီး နိုင်ငံတကာပညာရေးဖလှယ်မှုနဲ့ Korea နဲ့ participating countries တွေရဲ့ ဆက်ဆံရေး ပိုကောင်းလာစေဖို့ပါ။

ကျောင်းလျှောက်ခြင်း

D4, D2 အပ်ရင် ဘာအကျိုးခံစားခွင့်တွေရမလဲ?

အသေးစိတ်အကြောင်းအရာကို ဖတ်ရန်