သင့်ကိုရီးယား အိပ်မက် ကျတော်တို့နဲ့အတူ အကောင်အထည်ဖော်လိုက်ပါ
🎓 ကိုရီးယားမြေပေါ်က တကယ့် လက်တွေ့အတွေ့အကြုံ (Real On-Ground Experience)
ရုံးခန်းထဲကနေ စာရွက်စာတမ်း လုပ်ပေးရုံသက်သက် အေးဂျင့် မဟုတ်ပါဘူး။ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ်ကြီးတစ်ခုမှာ လက်ရှိ ကိုယ်တိုင် ပညာသင်ကြားနေတဲ့ ကျောင်းသားစစ်စစ်က သင့်ရဲ့ ကျောင်းဝင်ခွင့်အတွက် အနီးကပ် ကြီးကြပ် လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။
🥇 အစိုးရပညာသင်ဆုရှင်၏ လမ်းညွှန်မှု (Guidance by a GKS Scholar)
တောင်ကိုရီးယားအစိုးရရဲ့ အမြင့်ဆုံး ပညာသင်ဆုဖြစ်တဲ့ Global Korea Scholarship (GKS) ကို ကိုယ်တိုင် ထိုးဖောက် အောင်မြင်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းဝင်ခွင့်နဲ့ ဗီဇာအတွက် အသက်တမျှ အရေးကြီးတဲ့ Personal Statement နဲ့ Study Plan တွေကို အကဲဖြတ်သူတွေ အကြိုက်ဆုံးဖြစ်အောင် အပြတ်သားဆုံး ရေးသား ပြင်ဆင်ပေးနိုင်ပါတယ်။
🤝 တရားဝင် ယုံကြည်စိတ်ချရမှု (Official Recognition & Trust)
တက္ကသိုလ်၏ နိုင်ငံတကာ သံတမန် (Global Ambassador) တစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ၊ ကိုရီးယား တက္ကသိုလ်များ၏ ဝင်ခွင့် လိုအပ်ချက်များ၊ ဥပဒေစည်းမျဉ်းများနှင့် အင်တာဗျူး သဘောသဘာဝများကို အတွင်းကျကျ နားလည်ထားပါတယ်။
📝 အဆင့်မြင့် ဘာသာစကား ကျွမ်းကျင်မှု (Advanced Language Expertise)
လူအများ လက်ခံယုံကြည်ထားသည့် ကိုရီးယားဘာသာစကား သင်ကြားရေး အတွေ့အကြုံကောင်းများ ရှိထားသည့်အတွက်၊ သင့်၏ အချက်အလက်များကို နည်းပညာ၏ အကူအညီဖြင့်သာမက၊ လူသားကိုယ်တိုင်၏ ကျွမ်းကျင်မှုဖြင့်ပါ အဆင့်မြင့် ကိုရီးယားဘာသာစကားသို့ အမှားအယွင်းမရှိ စစ်ဆေး ပြောင်းလဲပေးနိုင်ပါသည်။